Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Sisters of Our Lady of Consolation NSC

#နှစ်သိမ့်ခြင်းသခင်မ၏သီလရှင်ဂိုဏ်း(NSC)
#SistersofOurLadyofConsolation(NSC)
#ကျွန်ုပ်တို့၏အသင်းဂိုဏ်း (OUR CONGREGATION)
ကျွန်ုပ်တို့၏အသင်းဂိုဏ်းကို ၁၈၅၇ ခုနှစ်၊ စပိန်နိုင်ငံ (SPAIN) တွင် ရဟန္တာမာရီးယာရိုးဇာမိုလာ(စ်) (Maria Rosa Molas) တည်ထောင်ခဲ့သည်။
သူမသည် ဘုရားသခင်အား အလွန်ချစ်မြတ်နိုးသည့်အပြင် နှိမ့်ချခြင်းနှင့်လည်း ပြည့်စုံသူ ဖြစ်သည်။
သူမသည် ဝိညာဉ်ရေးရာနှင့် နှစ်သ်ိမ့်အားပေးခြင်းကျင့်စဉ်ကို
Tortosa (Cataluna) မြို့၌စတင်ခဲ့သည်။ ဆက်လက်၍ သူမ၏လုပ်ငန်းစဉ်များသည်
တိုက်ကြီးလေးတိုက်အတွင်းရှိ နိုင်ငံ (၂၁) ခုသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့သည်။ အဆိုပါနိုင်ငံတို့မှာ စပိန်၊ အီတလီ၊ ပေါ်တူဂီ၊ ဆလိုဘတ်ကီးယား၊
ဗင်နီဇွဲလား၊ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ အီကွေဒေါ၊ မက်ဆီကို၊ ဘိုလ်လီးဗီးယား၊ ပီရူး၊ ဘာကီ နာဖာဆို၊တိုကို၊ မိုဇမ်ဘစ်၊ အိုင်ဗေရီကော (စ်)၊ တောင်ကိုရီးယား၊
ဖိလစ်ပိုင်၊  ဗီယက်နမ်၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်သည်။

 

#အသင်းဂိုဏ်း၏အားကိုးရာမှာ နှစ်သိမ့်ခြင်း၏မယ်တော်ဖြစ်သည်။
#အသင်းဂိုဏ်းကိုတည်ထောင်သူမှာ ရဟန္တာ မာရီးယာ ရိုးဇာမိုလာ(စ်)ဖြစ်သည်။
နှစ်သ်ိမ့်ခြင်းသီလရှင်ဂိုဏ်းတည်ထောင်ခဲ့သူ မာရီးယာ ရိုဇားမိုလာ(စ်) St. Maria Rosa Molas အား ၁၉၇၇၊ မေလ (၈)ရက်နေ့တွင် သူတော်စင်အဖြစ်ကြေညာခဲ့သည်။ ၁၉၈၈၊ဒီဇင်ဘာ(၁၁)ရက်နေ့တွင် သူမအားရဟန္တာသူတော်မြတ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။

#ကျင့်စဉ်နှင့်ဝိညာဉ်ရေးရာ Charism & Spirituality
ငါတို့သခင်ယေဇူးခရစ်တော်၏ ခမည်းတော်၊ သနားကရုဏာတော်နှင့်ပြည့်စုံတော်မူသောအဖ၊ နှစ်သိမ့်မှုအလုံးစုံကို ပေးတော်မူသောဘုရားသခင်အား မင်္ဂလာရှိစေသတည်း။ ကိုယ်တော်သည် ငါတို့ဒုက္ခဆင်းရဲခံရချိန်တိုင်း၌ ငါတို့ကို အားပေးနှစ်သိမ့်တော်မူ၏။ ဤသို့ဖြင့်ငါတို့သည် ငါတို့ကိုယ်တိုင် ဘုရားသခင်ထံမှရရှိခဲ့ကြသော နှစ်သိမ့်မှုဖြင့် အတိဒုက္ခရောက်နေကြသော သူတို့အား နှစ်သိမ့်ပေးနိုင်မည်ဖြစ်၏။” (ဒုကော်ရိန့်သု ၁း၃-၄)
သင်တို့၏ဘုရားသခင်မိန့်တော်မူသည်ကား၊ ငါ၏လူမျိုးတို့ကို နှစ်သိမ့်စေကြလော့၊ နှစ်သိမ့်စေကြလော့။” (ဟေရှာယ ၄၀း ၁)

 #ဆောင်ပုဒ် (motto)
ငါ၏လူမျိုးတို့ကိုနှစ်သိမ့်စေကြလော့၊ နှစ်သိမ့်စေကြလော့။” (ဟေရှာယ ၄၀း ၁)

 

#ကျင့်စဉ် (charism)
ဘုရားသခင်၏ကရုဏာတော်နှင့် နှစ်သိမ့်မှူ့ကိုပေးနိုင်သော အသုံးတော်ခံများဖြစ်ရန်။

#နှစ်သိမ့်ခြင်းဟူသည်မှာ……Consolation

- လူသား၏အကျင့်သိက္ခာနှင့် ၎င်း၏မပြည့်စုံသောအတိုင်းအတာ ရှာဖွေမှုတစ်ရပ်၊
- ဒုက္ခဝေဒနာခံစားနေရသူများနှင့် မျှော်လင့်ခြင်းကင်းမဲ့နေသူများအတွက်အသံတစ်ခု၊
-  အသက်အရွယ်မရွေး၊ လူမှုအခြေအနေမရွေး၊ ရောဂါ၊ ဝေဒနာခံစားနေရသူများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် နှစ်သ်ိမ့်မှုယူဆောင်လာရန်တို့ဖြစ်သည်။

 #သီလရှင်များသည်ပရောဖက်ဟေရှာယ၏
ကမ္ဘာမြေကြီးအားနှစ်သ်ိမ့်စေကြလော့ဟူသောဟောပြောချက်ကို ဦးထိပ်ထားလျှက် သာနာတော်၏လယ်ကွင်း၌ အတိဒုက္ခရောက်နေသော အမျိုးသားများနှင့်အမျိုးသမီးများအတွက် နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များကို အဓိကရည်မှန်းထားလျက် မိမိတို့၏ဘဝဖြင့်ဆက်ကပ်ပူဇော်နေခြင်းပင်ဖြစ်သည်။ ခရစ်တော်၌ ဘုရားသခင်အားဖြင့်နှစ်သ်ိမ့်မှုကို ခံစားရကာ နယ်မြေဒေသအသီးသီး၌နေထိုင်ကြသောလူတို့အား အခွင့်အလမ်းမြင့်တင်ပေးသောပုံစံအဖြစ် ထိုနှစ်သိမ့်မှုကိုပြန်လည်မျှဝေလျက်ရှိကြပါသည်။

#တမန်တော်လုပ်ငန်းများ Apostolate﴿ 
#ပညာရေး Education﴿ 
မူကြိုကျောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးထောက်ပံ့မှုအစီစဉ်များနှင့် ခရစ်ယာန်ပညာရေးအစီစဉ်များ။
တရားမျှတ၍ခင်မင်ရင်းနှီးတတ်သော လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ရာတွင်ပါဝင်သည့်အနေဖြင့် ကျွန်မတို့သည်ပညာရေးဆိုင်ရာလုပ်ရှားမှုများ၊ လူသားဖွံ့ဖြိုးမှုနှင့်ဘက်စုံဖွံ့ဖြိုးမှုလုပ်ငန်းများကို သတင်းကောင်းမျှဝေသက်သေခံခြင်းအသွင်ဖြင့် ဆက်ကပ်လုပ်ဆောင်ကြသည်။

#ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်း Health Care﴿
ဆေးရုံဆေးခန်းများ၊ ဘိုးဘွားရိပ်သာ၊ မသန်စွမ်းသူများဂေဟာ၊ အိမ်တွင်းမှုလုပ်ငန်းများကြည့်ရှုစောင့်ရှောက်ပေးခြင်း။
ဆင်းရဲနွမ်းပါးသူများနှင့်နာမကျန်းသူများ၏မျက်နှာများ၌ခရစ်တော်၏ မျက်နှာကိုရှုမြင်နိုင်ရန်လိုအပ်သည်။

#လူမှုရေးလုပ်ငန်း Social Works﴿
တဣသိုလ်ကျောင်းသားကျောင်းသူများအတွက် အဆောင်များ၊ ပြိုကွဲနေသောမိသားစုများနားခိုရာဌာန၊ စွန့်ပစ်ခံကလေးသူငယ်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက်လုပ်ငန်းအစီအစဉ်၊ မူးရစ်ဆေးဝါးသုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်းငန်းအစီအစဉ်။

#ဝိညာဉ်ရေးလုပ်ငန်းများ Pastoral﴿
ကမ္မဌာန်း(တရားစခန်းရိပ်သာ)၊ တဣသိုလ်ကျောင်းဝင်လုပ်ငန်းများဌာန၊ ဝိညာဉ်ရေးလမ်းညွှန်မှုနှင့်ဆွေးနွေးလမ်းညွန်မှု။

#နယ်ခြားသာသနာပြုခြင်း Mission abroad﴿
တိုင်းတစ်ပါးခြားတို့၌သာသနာပြုခြင်း။
အလိုအပ်ဆုံးသောသူများအား ခရစ်တော်၏နာမတော်၌ သွားရောက်ကြေငြာရင်း အစေခံခြင်းအားဖြင့် မိမိတို့သည် (သီလရှင်တို့သည်) ခရစ်တော်အားသိခြင်းနှင့်ချစ်ခြင်းမှ ရရှိခံစားရသော ဝမ်းမြောက်ခြင်းများကို ဝေငှကြသည်။

ဆက်သွယ်လိုပါက..
အမှတ် ၇၆၃၊ မာဃလုလင်လမ်း၊ ၁၀မိုင်
စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း ၀၉၄၀၀၄၄၃၆၆၂၊ ၀၉၄၅၅၈၁၂၃၄၃
Email consolaciomyanmar@gmai.com
www.consolacion.org
Facebook consolacionmyanmar@gmai.com

 

Sisters of Our Lady of Consolation (NSC)

Our congregation was founded in Spain, in 1857 by St. Maria Rosa Molas, a passionate woman for God and humanity. She began in Tortosa (Cataluna), and her spirit and charism of consolation is continuously being spread in 4 continents, within 21 countries throughout the world; Spain, Italy, Portugal, Slovakia, Venezuela, Argentina, Brazil, Chile, Ecuador, Mexico, Bolivia, Peru, Burkina, Faso, Togo, Mozambique, Ivory Coast, South Korea, Philippines, Myanmar, Vietnam and Indonesia.

#Our Lady of Consolation
#Mother Foundress, Saint Maria Rosa Molas
§    May 8, 1977 She was proclaimed BLESSED
§    Dec.11, 1988 She was proclaimed SAINT
#Logo

  

Motto    :  Console, Console my people. (Is 40.1)
Charism: to be an instrument of mercy and consolation
Charism & Spirituality
“Praise be God, the Father of our lord Jesus Christ, the father of mercies, and the God of all consolation! He comforts us in all our afflictions and thus enables us to comfort those who are in trouble, with the same consolation we have received from him.”2Cor 1, 3-4
“Console, Console my people” (Is 40:1)

CONSOLATION…..

Ø Is to discover man in his limitations and dignity.
Ø To be a cry of hope for all who suffer, for all those who wait.
Ø To bring comfort whatever their age, social condition, diseases or poverty.

Faithful to the prophetic calling: “Console, Console my people” (Is 40:1); the sisters are offering services of consolation to the Church in all the fields were men and women are desolated. The consolation is the life’s reason for the Sisters. It is to be consoled by God in Christ and to give consolation, as a form of empowerment to the people in several areas.

Apostolate

Education
School: kindergarten, Elementary school, High school, Christian education program.
Health care
Hospitals, Clinics, House for the aged, Center for the disabled, Home care.
Social work
University boarding houses; Shelter houses for broken families, single mothers houses abandoned children, Migrant ministry programs, Rehabilitation programs for the substance dependents.
Pastoral
Retreat houses, Campus Ministry, Spiritual guidance, and counseling.
Mission abroad
No. 763 Magarlulin Street,
10 miles Saw Bwar GyiGone,
Insein Township Yangon
09400443662, 09455812343
Email consolaciomyanmar@gmai.com
www.consolacion.org
Facebook consolacionmyanmar@gmai.com
Untitled Document
Total viewer: 345938